Draft:Burmese Taww Larr

Burmese Taww Larr (BTL) သည် social platform များပေါ်တွင် ဟာသအတိုများကို တင်ဆက်နေသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

edit

Page ဖြစ်ပေါ်လာရာ ဇစ်မြစ်

edit

2018-2019 နှစ်တွေမှာ ခရီးသွား Vlog များကို ကြည့်ရှု အားကျပြီး founder ကိုဖြိုးသူလင်း[1]မှ သူငယ်ချင်းများနှင့်အတူခရီးသွားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ informationပေးနိုင်တဲ့ Travel video များကို တင်ဆက်ချင်တဲ့စိတ်ကိုကြောင့် Page တစ်ခု ဖြင့်စတင်ရန် ပထမအကြိမ်ကြိုးစားခဲ့သည်။ ခရီးသွား vlog များကိုရိုက်ရန်အတွက် စိတ်တူကိုယ်တူ သူငယ်ချင်းများကို စုစည်းပြီး video များရိုက်ရန် အတွက် ခရီးများကို စီစဉ်ခဲ့ကြသည်။

နာမည်ပေးဖြစ်ပုံ

edit

ပထမဆုံးလုပ်ရမယ့်အလုပ်အနေနဲ့ က Page နာမည်ကို စဉ်းစားကြရန်ဖြစ်သည်။ တင်မယ့် video အမျိုးအစားအလိုက် နာမည်စဉ်းစားရသည်မှာ မလွယ်ကူခဲ့ကြပါ။ နာမည်အမျိုးမျိုး ကို ရန်ကုန်တက္ကသိုလ်[2] သိပ္ပံကန်တင်းတွင် ထိုင်ပြီးတွေးခဲ့မိကြသည်။

အမှတ်စဉ် စဉ်းစားမိကြသော page နာမည်များ
သွားပါများ
Natural Calling
ခရီးသွား ငါးဖော်

ည အချိန် ငုဝါမှဖုန်းဆက်ပြီး သူတွေးမိတဲ့ နာမည်တစ်ခုကို အဓိပ္ပါယ်နှင့်တကွ ပြောပြခဲ့သည်။ Burmese Taww Larr ဟူ၍

  • Buremese = မြန်မာများ
  • Taww Larr ( တောလား[3] ) = ခရီးသွားခြင်း

ငယ်ငယ်က သင်ယူခဲ့ရသော ရှင်မဟာရဋ္ဌသာရ၏ ‌ရွှေစက်တော်သွားတောလား [4] မှ တောလားကို မှီငြမ်း၍ 8 February 2020 တွင် Burmese Taww Larr ကို ဖန်တီးခဲ့ပါသည်။

( First Generation of BTL ) ပထမဆုံး Travel Vlog အတွက် ပါဝင်သူ သူငယ်ချင်းများ

edit
  1. ဖြိုးသူလင်း
  2. လွှမ်းနိုင်ဖြိုး
  3. ငုဝါ
  4. အိရွှေ
  5. ထက်ပိုင်ရွှေ
  6. မြတ်သက်နှင်း

သွားခဲ့ဖူးသော/ စီစဉ်ခဲ့သော ခရီးစဉ်များ

edit
  1. သန်လျှင် ကျောက်တန်း ( ကျိုက်ခေါက်ဘုရားပွဲစျေး )
  2. တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)[5]
  3. ရွှေတိဂုံစေတီတော်[6]
  4. ထားဝယ်ဘက်မှ ငါးဖမ်းလှေများအကြောင်း (စီစဉ်)
  5. ပုဂံ (စီစဉ်)
  6. ငပလီ ခရီး (စီစဉ်)
  7. ကျိုက်ထီးရိုးတောင် (စီစဉ်)

တို့ကို Covid-19 ကာလအတွင်း သွားရောက်ရိုက်ဖြစ်ခဲ့ကြပါသည်။ Covid များကြောင့် log down ချလိုက်ချိန်မှာတော့ Travel Vlog များရိုက်ကြမယ့်အစီအစဉ် တစ်ခန်းရပ်ခဲ့ပါသည်။

( Second Generation of BTL )

edit

Covid ကာလအတွင်း အပြင်ထွက်ရိုက်ကူးရခက်ချိန်မှာ Founder ကိုဖြိုးသူလင်း[7] ၏ တာ၀ကျောင်းသားဘ၀ သူငယ်ချင်းဖြစ်သူ ကောင်းထက်မှ ဟာသ သတင်းတင်ဆက်ရန်အကြံပေးတာကြောင့် နှစ်ယောက်သား အိမ်တွင်း green screen ကာပြီး စတင်ရိုက်ပြီး post လုပ်ခြင်းဖြင့် Travel Vlog တင်ရန်စီစဉ်ထားသော Burmese Taww Larr တွင် ပထမဆုံးတင်ဖြစ်သောဟာသ video တစ်ပုဒ်ဖြစ်သည်။ First Generation မှ ညီမလေးမြတ်သက်နှင်း ပေးသည့် Story[8] သည် လဲ view အကောင်းဆုံးထဲက တစ်ပုဒ်ဖြစ်ခဲ့ပါသည်။ သည်မှစပြီး နောက်ပိုင်းကာလများတွင် ဟာသများကို ဆက်လက်ရိုက်ဖြစ်ခဲ့ပါသည်။

Second Generation တွင် ပါဝင်သူများနှင့် တာဝန်ယူကြသော အပိုင်းများ..

ဖြိုးသူလင်း Video Director Video Editor Script Page Admin
ကောင်းထက် Talent Story / Script
ကိုရဲ Talent
မိန်မိန်း Talent Page Admin
နှင်းယု Talent Story / Script

အချိန် ၃ လ အကြာမှာတော့ BTL Second Generation မှာပါဝင်သူများမှ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲသွားခဲ့ကြပါသည်။

( Third Generation of BTL )

edit

အချိန် သုံးလကြာ (26-Dec-2020) အချိန်မှာတော့ BTL အနေနဲ့ Talent အသစ်တွေနဲ့ အတူပြန်လည် စတင်ခဲ့ပါသည်။ ( 1-2-2021 )အချိန်မှာ အာဏာသိမ်းမှုဖြစ်ပေါ်လာတဲ့နောက်ပိုင်း BTL အနေနဲ့ ဟာသ video များ တင်ခြင်းကို ရပ်တန့်ခဲ့ပါတယ်။

Third Generation တွင် ပါဝင်သူများနှင့် တာဝန်ယူကြသော အပိုင်းများ..

ဖြိုးသူလင်း Producer Video Director Video Editor Script Page Admin
ကျော်ဇော Talent Story / Script Page Admin
ဝေယံ Talent Story / Script

( Fourth Generation of BTL )

edit

တစ်နှစ် လေးလ သုံးပတ် (510 days) ကြာ (26-June-2022) အချိန်မှာတော့ BTL အနေနဲ့ Talent အသစ်တွေနဲ့ အတူပြန်လည် စတင်ခဲ့ပါသည်။ career အပြောင်းအလဲအချို့ကြောင့် team member များနဲ့ လမ်းခွဲခဲ့ရတာမျိုးဖြစ်ပေါ်ခဲ့ပါသည်။ ‌Talent ပိုင်း အားနည်းလာသည့်အလျှောက် လိုအပ်သည့် နေရာအလျှောက် ပါဝင်ရသည်များလည်းရှိပါသည်။

Fourth Generation တွင် ပါဝင်သူများနှင့် တာဝန်ယူကြသော အပိုင်းများ..

ဖြိုးသူလင်း Talent Producer Video Director Video Editor Script Page Admin
ကျော်ဇော Talent Story / Script
ဝေယံ Talent Story / Script
ဘုန်းမြတ်သိင်္ခ Talent Story / Script Video Director
ဖွေးဖွေး Talent Story / Script Video Director
ကြေးမှုံ Story / Script
အထွန်း Talent Story / Script

( Fifth Generation of BTL )

edit

01-July-2024 မှစ၍ BTL founder ကိုဖြိုးသူလင်း သည် နိုင်ငံရပ်ခြားသွားရောက်ရန်ကိစ္စပေါ်လာပါသည်။video များကို ပုံမှန် တင်နိုင်ရန်အတွက် ရန်ကုန်အခြေစိုက် ကျန်ရှိနေသော Talent များကို KHTT Production နှင့် အချိန်တစ်ခုအထိ ချိတ်ဆက်ထားပါသည်။

ဖြိုးသူလင်း[9] Talent Producer Video Director Video Editor Script Page Admin
ကြေးမှုံ Story / Script

YGN မှ

ဘုန်းမြတ်သိင်္ခ[10] Talent Story / Script
ဖွေးဖွေး[11] Talent Story / Script

အခြေအနေအရပ်ရပ် ဘယ်လိုဘဲပြောင်းပြောင်း ကျွန်တော်တို့ Burmese Taww Larr အနေနဲ့ ကြည့်ရှုသူများ စိတ်အပန်းပြေစေရန်အတွက် ပုံစံများပြောင်းလဲပြီး ရသအမျိုးမျိုးပေးနိုင် အောင်လဲဆက်လက် ကြိုးစားနေပါတယ်ခင်ဗျာ။

References

edit
  1. ^ "Facebook". web.facebook.com. Retrieved 2024-07-30.
  2. ^ "ရန်ကုန်တက္ကသိုလ်", ဝီကီပီးဒီးယား (in Burmese), 2024-06-05, retrieved 2024-07-30
  3. ^ "တောလား", ဝီကီပီးဒီးယား (in Burmese), 2021-10-05, retrieved 2024-07-30
  4. ^ "ရွှေစက်တော်သွားတောလား", ဝီကီပီးဒီးယား (in Burmese), 2017-04-03, retrieved 2024-07-30
  5. ^ "တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)", ဝီကီပီးဒီးယား (in Burmese), 2023-12-14, retrieved 2024-07-30
  6. ^ "ရွှေတိဂုံစေတီတော်", ဝီကီပီးဒီးယား (in Burmese), 2024-04-22, retrieved 2024-07-30
  7. ^ "Facebook". web.facebook.com. Retrieved 2024-07-30.
  8. ^ အိမ်ကို တကူးတက လာလာပြီး လာလာကြွယ်တဲ့ အန်တီကြီးတွေ မြင်ဖူးလားဗျိုး | အိမ်ကို တကူးတက လာလာပြီး လာလာကြွယ်တဲ့ အန်တီကြီးတွေ မြင်ဖူးလားဗျိုး ဒါနဲ့ သူပြောတဲ့ ပိုင်အိုးနီးယား သင်တန်းတို့ ဘာတို့ ကိုတတ်ဖူးကြလား :D အဆုံးထိ... | By Burmese Taww LarrFacebook. Retrieved 2024-07-30 – via www.facebook.com.
  9. ^ "Facebook". web.facebook.com. Retrieved 2024-07-30.
  10. ^ "Facebook". web.facebook.com. Retrieved 2024-07-30.
  11. ^ "Facebook". web.facebook.com. Retrieved 2024-07-30.